Posts

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်ကို မူးယစ်ဆေးဝါး သယ်ဆောင်စေခိုင်းခဲ့သူအား ရဲတပ်ဖွဲ့မှဖမ်းဆီး(​မော်​ကျွန်း)

Image
အသက်မပြည့်သေးသည့် အမျိုးသမီးငယ်ကို မူးယစ်ဆေးဝါး သယ်ဆောင်စေခိုင်းခဲ့သူအား ရဲတပ်ဖွဲ့မှဖမ်းဆီး(​မော်​ကျွန်း) 🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒 မင်း ထက်မုန်း/ဧရာဝတီတိုင်းမ် (မော်ကျွန်း) / ဩဂုတ် ၇ ရက် ဧရာဝတီတိုင်းဒေသကြီး၊  လပွတ္တာခရိုင်​ ၊  မော်လမြိုင်ကျွန်းမြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် စက်ဘီး စီးနင်းလာသူ အမျိုးသမီး ငယ်တစ်ဦးအား မသင်္ကာ၍ စစ်ဆေး ရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စေခိုင်းသူကိုပါ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ် စိုးလွင်နှင့်အဖွဲ့ မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ် ဆေးဝါး သယ်ဆောင်လာကြောင်းသတင်းအရ ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်ကျွန်းမြို့၊ မြို့မ(၃)ရပ်ကွက်၊ စွယ်တော်လမ်းနှင့် နံသာဖြူလမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် စက်ဘီးစီးနင်းလာသူ မစုစုခိုင်(ခ)စုလှိုင်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ ၎င်းလက်အတွင်း ကိုင်ဆောင်လာသော စိတ်ကြွရူးသွ...

မိသားစုနှင့်အတူ ဝမ်းနည်းကျေကွဲမိပါ၏။*****

Image
မိသားစုနှင့်အတူ ဝမ်းနည်းကျေကွဲမိပါ၏။***** ……………………………………………………………………… မအူပင်မြို့ အမှတ် ၅ ရပ်ကွက် ၅ လမ်းနေ ""  ပျိုးခင်းသစ်ဖောင်ဒေးရှင်းတည်ထောင်သူ   """ ကိုသန်းထိုက်အောင် (ညိုလူကြီး) ၏ ဖခင် ဥူးစိတ္တ(ခ) ဦးငြိမ်းတင် အသက်( ၆၂  )  သည် ၄.၈.၂၀၁၇ နေ့ ည ( ၁၀း ၃၀ ) အချိန်တွင် ဘဝ တစ်ပါးသို့ ပြောင်းရွေ့ ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မအူပင်ဟစ်တိုင်မှမိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါကြောင်းးးး မအူပင်ဟစ်တိုင် (အက်ဒမင်အဖွဲ့ )

အင်တာမီလန် ယူ၁၈ ၊ ထိုင်း ယူ၁၉ အသင်းများနှင့် မြန်မာ ယူ၁၈ အသင်း ခြေစမ်းပွဲများ ကစားမည်

Image
အင်တာမီလန် ယူ၁၈ ၊ ထိုင်း ယူ၁၉ အသင်းများနှင့် မြန်မာ ယူ၁၈ အသင်း ခြေစမ်းပွဲများ ကစားမည် ================================================== စက်တင်ဘာလ အတွင်း ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF U-18 Championship 2017 ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေသည့် ပဏာမ မြန်မာ ယူ-၁၈ အသင်းသည် အင်တာမီလန် ယူ-၁၈ အသင်းနှင့်ခြေစမ်းပွဲများအား သြဂုတ်လ (၁၁) ရက်နှင့် (၁၃) ရက် တို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မူလက အဆိုပါခြေစမ်းပွဲ (၂) ပွဲ အနက် တစ်ပွဲကို မြန်မာ ယူ-၂၃ အသင်းနှင့် ကစားရန် စီစဉ်ထားသော်လည်း ဆီးဂိမ်းပြိုင်ပွဲကစားရမည့်နေ့နှင့် လွန်စွာနီးကပ်နေသဖြင့် ပဏာမ မြန်မာ ယူ-၁၈ အသင်းနှင့်သာ ခြေစမ်းပွဲ (၂) ပွဲလုံး ကစားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲ (၂) ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ညနေ (၆) နာရီ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ထို့အပြင် ပဏာမ မြန်မာ ယူ-၁၈ အသင်းသည် နောက်ထပ်ပြင်ဆင်မှုတစ်ရပ်အနေဖြင့် သြဂုတ်လ (၂၇) ရက်နေ့တွင် ထိုင်းလက်ရွေးစင် ယူ-၁၉ အသင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားမည်ဖြစ်သည်။ ပဏာမ မြန်မာ ယူ-၁၈ အသင်းသည် ဖီးနစ်(စ်) အမည်ဖြင့် မြန်မာနေရှင်နယ်လ...

အာမခံ ရသွားတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း

Image
အာမခံ ရသွားတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကိုဆွေဝင်းသည် ဘန်ကောက်မြို့ရှိ Myanmar Now ရုံးချုပ်ထံ လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးရန် သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ယမန်နေ့ညက ဖမ်းဆီးခံရပြီးနောက် မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တဆင့် မန္တလေး မဟာအောင်မြေ မြို့နယ် အမှတ် (၇) ရဲစခန်း သို့ လွှဲပြောင်းထားခြင်းဖြစ်ပြီး ယနေ့ဟာအောင်မြေတရားရုံးတွင် အာမခံ ရရှိခဲ့ခြင်း ဖြစ်သည်။ လာမည့် သြဂုတ်လ ၇ရက်နေ့သို့ ရုံးချိန်းကာ အမှုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်ကြောင်းသိရသည်။ ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက် နေ့ကတည်းက အမှုဖွင့်ထားခြင်း ဖြစ်သည်။ ဓာတ်ပုံ - ဇော်ဇော်၊ ဧရာဝတီ