အာမခံ ရသွားတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း

ကိုဆွေဝင်းသည် ဘန်ကောက်မြို့ရှိ Myanmar Now ရုံးချုပ်ထံ လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးရန် သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ယမန်နေ့ညက ဖမ်းဆီးခံရပြီးနောက် မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တဆင့် မန္တလေး မဟာအောင်မြေ မြို့နယ် အမှတ် (၇) ရဲစခန်း သို့ လွှဲပြောင်းထားခြင်းဖြစ်ပြီး ယနေ့ဟာအောင်မြေတရားရုံးတွင် အာမခံ ရရှိခဲ့ခြင်း ဖြစ်သည်။
လာမည့် သြဂုတ်လ ၇ရက်နေ့သို့ ရုံးချိန်းကာ အမှုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်ကြောင်းသိရသည်။

ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော်
ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက်
နေ့ကတည်းက အမှုဖွင့်ထားခြင်း ဖြစ်သည်။
ဓာတ်ပုံ - ဇော်ဇော်၊ ဧရာဝတီ
ဓာတ်ပုံ - ဇော်ဇော်၊ ဧရာဝတီ
Comments
Post a Comment