အသက်မပြည့်သေးသည့် အမျိုးသမီးငယ်ကို မူးယစ်ဆေးဝါး သယ်ဆောင်စေခိုင်းခဲ့သူအား ရဲတပ်ဖွဲ့မှဖမ်းဆီး(မော်ကျွန်း)

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်ကို မူးယစ်ဆေးဝါး သယ်ဆောင်စေခိုင်းခဲ့သူအား ရဲတပ်ဖွဲ့မှဖမ်းဆီး(မော်ကျွန်း) 🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒🔒 မင်း ထက်မုန်း/ဧရာဝတီတိုင်းမ် (မော်ကျွန်း) / ဩဂုတ် ၇ ရက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် စက်ဘီး စီးနင်းလာသူ အမျိုးသမီး ငယ်တစ်ဦးအား မသင်္ကာ၍ စစ်ဆေး ရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စေခိုင်းသူကိုပါ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ် စိုးလွင်နှင့်အဖွဲ့ မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ် ဆေးဝါး သယ်ဆောင်လာကြောင်းသတင်းအရ ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်ကျွန်းမြို့၊ မြို့မ(၃)ရပ်ကွက်၊ စွယ်တော်လမ်းနှင့် နံသာဖြူလမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် စက်ဘီးစီးနင်းလာသူ မစုစုခိုင်(ခ)စုလှိုင်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ ၎င်းလက်အတွင်း ကိုင်ဆောင်လာသော စိတ်ကြွရူးသွ...